top of page

အိုးရှင်းစူပါစင်တာ

အိုးရှင်းစူပါစင်တာသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်ပြီး အရည်အသွေးကောင်းသော ပစ္စည်းများကို ဈေးဝယ်သူတွေဆီ ရောင်းချလျက်ရှိပါသည်။ အိုးရှင်းစူပါစင်တာ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဈေးဝယ်သူများ မိသားစုအတွက် သက်တောင့်သက်သာဖြင့် တစ်နေရာထဲတွင် အစုံဝယ်ယူနိုင်သော နေရာတစ်ခုဖြစ်စေရန် ဖြစ်သည်။ 

အိုးရှင်းစူပါစင်တာ၏ ပထမဆုံးဆိုင်ခွဲဖြစ်သော ၉ မိုင်အိုးရှင်းကို မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ဈေးကွက်ဦးဆောင်သော စူပါစင်တာတစ်ခုဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံရှိ အိမ်ထောင်စုများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

 

လက်ရှိတွင် အိုးရှင်းဆိုင်ခွဲစုစုပေါင်း ၁၅ ဆိုင်ကို မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့ကြီးများဖြစ်သော ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ ပုသိမ်နှင့် မော်လမြိုင်မြို့ကြီးများတွင် ဖွင့်လှစ်ထားပါသည်။

OC store front_edited.jpg

“မိသားစုအတွက် အကောင်းဆုံးရွေးချယ်မှုများနှင့် ပြည့်စုံစေသောနေရာ”

bottom of page