top of page

Budget Hot Pot & BBQ under 35,000 MMK

As we always think of our loved ones whenever we enjoy good food, we show our infatuation and closeness to our beloved family, friends, and colleagues by sharing meals with them at restaurants or home whenever we meet them. That’s why, we are going to show you how to make a budget hotpot and BBQ, which is delicious and compatible with winter and can be enjoyed by a large group of people, for which the cost is not too much.

မြန်မာကျပ်ငွေ ၃၅၀၀၀အောက်နဲ့ အရသာရှိပြီး လူအများစားလောက်အောင် ချက်ပြပေးမှာြဖစ်ပါတယ်။ ဟော့ပေါ့နဲ့ အကင်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကို တစ်နေရာထဲမှာ ပစ္စည်းအစုံအလင်ရရှိနိုင်တဲ့ Ocean Supercenter မှ ဝယ်ယူထားတာြဖစ်ပါတယ်။ Ocean Supercenter မှာ hotpot & bbq အတွက် လိုအပ်တဲ့ အသား၊ ငါး၊ ရယ်ဒီမိတ်အသားလုံး အသားချောင်းများအပြင် အကင်ကင်ဖို့အတွက် အသင့်နယ်နှပ်ပေးထားတဲ့ အသား၊ငါးများကိုလည်း အမျိုးအစားစုံလင်စွာဖြင့် ဇန်နဝါရီလ ၁ ရက်နေ့အထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။


အခု ဟော့ပေါ့နဲ့အကင်ပြုလုပ်ဖို့အတွက် မြန်မာကျပ်ငွေ ၃၅၀၀၀အောက် ပမာဏကို သုံးထားပါတယ်။


အသင့်သုံး တုံရမ်းဟော့ပေါ့ တစ်ထုတ် - ၄၄၀၀ကျပ်

BBQ TILIPIA - ၄၉၀၀ကျပ်

BBQ PORK IN MUSHROON ROLL STICK ၂ ချောင်း - ၁၂၀၀ကျပ်

KOREA BBQ PORK LOIN STICK ၂ ချောင်း - ၅၉၀၀ကျပ်

THAI BBQ PORK BELLY CUBE STICK ၂ ချောင်း - ၁၂၀၀ကျပ်

MARLAR BBQ CHICKEN WING STICK ၂ ချောင်း - ၁၇၀၀ ကျပ်

ကြက်အူချောင်း ၁၀၀ဂရမ် - ၉၀၀ ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ကြက်ကြောလုံး ၁၀၀ဂရမ် - ၉၀၀ ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ဝက်သားလွှာ - ၃၅၀၀ ကျပ်တန်

Enoki မှို (အပ်မှို) ၂၀၀ဂရမ် - ၉၀၀ကျပ်တန် တစ်ထုပ်

ပြောင်းဖူးနှစ်ဖူးပါတစ်တွဲ - ၈၀၀ကျပ်

မုန်ညှင်းထုပ် ၃၉၀ဂရမ် တစ်ထုပ် - ၆၀၀ ကျပ်

အသင့်ထုတ်ပိုးထားတဲ့ ထိုင်ဝမ်မုန်ညင်း - ၅၀၀ ကျပ်တန်

ရုံးပတီသီး ၁စည်း - ၃၀၀ကျပ်တန်

ဆလတ်ရွက်တစ်စည်း ၂၀၀ဂရမ် - ၇၅၀တန်

Korea spicy cocktail sauce - ၂၇၀၀ကျပ်

ကျောက်ပွင့် ၃၅ဂရမ် - ၁၄၀၀ကျပ်

ကင်မ်ချီ ၁၀၀ဂရမ် - ၈၀၀ကျပ်

ကြက်ဥ ၂လုံး - ၃၀၀ကျပ်


အသင့်သုံး တုံရမ်းဟော့ပေါ့အထုတ်ထဲမှာ ဟော့ပေါ့ဟင်းရည်ပြုလုပ်ဖို့အတွက် တုံရမ်းအနှစ်ထုတ်အပြင် အဆိမ့်အရသာအတွက် အုန်းနို့အစား နို့မှုန့်ထုတ်လေးပါ တစ်ခါတည်း ထည့်ထားပေးတဲ့အတွက် ချက်ရတာအဆင်ပြေလွယ်ကူစေပါတယ်။ ဒါ့အပြင် အသီးအရွက်တွေလည်း စုံစုံလင်လင်ပါဝင်တဲ့အတွက် ဟော့ပေါ့ပြုလုပ်တဲ့အခါမှာ ပိုပြီးအဆင်ပြေစေပါတယ်။


BBQ-အကင်အတွက်ကိုတော့ အသားတွေကိုအရသာနယ်နှပ်ကာ တုတ်ထိုးထားပြီး အဆင်သင့်ကင်လို့ရတဲ့ အသားကင်ချောင်းတွေနဲ့ ငါးတစ်ကောင်လုံးကို မညှီအောင် သေသေချာချာလေးကို နယ်နှပ်ထားပြီး အသင့်ကင်လို့ရတဲ့ ငါးကင်ကို အသုံးပြုထားပါတယ်။အခုဆိုရင်တော့ ဟော့ပေါ့နဲ့အကင်ပြုလုပ်ဖို့အတွက် သုံးထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေကို ပြောပြပြီးပြီဆိုတော့ ဟော့ပေါ့အရည်စချက်ဖို့ကို ပြင်လိုက်ကြရအောင်။


ဟင်းရည်ချက်ဖို့အတွက် ဟော့ပေါ့အထုတ်ထဲမှာပါတဲ့ တုံရမ်းအရသာအနှစ်ထုတ်ကို အိုးထဲဖောက်ထည့်၊ ပြီးရင်တော့ ရေကိုသင့်တင့်တဲ့ အချိုးအစားပမာဏကိုထည့်ပါမယ်။ အရသာအတွက် အသားမှုန့်ကိုတော့ မိမိလိုသလောက်ချိန်ဆထည့်ပြီး အဆိမ့်အရသာလေးပါရအောင် ဟော့ပေါ့ထုတ်ထဲမှာပါတဲ့ နို့မှုန်ထုတ်လေးပါ ဖောက်ထည့်ပါမယ်။


ဟင်းရည်အနည်းငယ်ဆူစပြုပြီဆိုရင် ဟင်းရည်ရဲ့ချိုတဲ့အရသာကိုပိုလေးသွားအောင် လှီးထားတဲ့ပြောင်းဖူးတွေရယ်၊ အသားနဲ့ ရယ်ဒီမိတ်အသားလုံး၊ အသားချောင်းတွေကို အရင်ဆုံးကျက်အောင် ထည့်ပြုတ်ပြီးမှ ဟင်းသီးဟင်းရွက်တွေကို ထည့်ပြုတ်ပါမယ်။ အသားတွေကိုလည်း မတူးစေပဲ အကျက်ညီအောင် တစ်ဖက်စီလှည့်ပြီး ကင်ပေးရပါမယ်။ ငါးကိုလည်းသေချာလေးကျက်အောင် တစ်ဖက်စီလှည့် လှည့်ပြီး သေချာလေးကင်ပေးရပါမယ်။


ဟင်းရည်လည်းဆူပြီး ထည့်ပြုတ်ထားတဲ့အသားတွေလည်းကျက်ပြီဆိုရင်တော့ အရသာကောင်းမွန်တဲ့ တုံရမ်းဟော့ပေါ့ကို ရရှိပြီဖြစ်ပါတယ်။ ကင်ထားတဲ့ အသားကင်လေးတွေနဲ့ ငါးကင်ကလည်း အနံ့လေးမွှေးပြီးကျက်ပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီ။

0 views0 comments
bottom of page