top of page

Fashion Tips

  • hlaingyamonphoo
  • Dec 28, 2021
  • 1 min read

ဖက်ရှင်နဲ့ ပတ်သတ်ပြီး အကြံအဉာဏ်လေးတွေကို I am Fashion က Fashion Blogger မမေသော်က ပြောပြထားတယ်နော်။ ဘယ်လိုအတွဲအစပ်လေးဝတ်ပြီး ဖက်ရှင်ကျကျမလဲ? အောက်မှာ ဆက်ဖတ်ကြည့်နော်....Ocean Supercenter ရဲ့ Christmas Promotion မှာရောင်းချပေးနေတဲ့ clothing items လေးတွေနဲ့ Outfit Combo လေးတွေ လုပ်ပေးထားတာပါ။


ဈေးနှုန်းသက်သာပြီး ဘက်ဂျက်အများကြီးမကုန်တဲ့ အမိုက်စားအတွဲအစပ်လေးတွေ စိတ်ဝင်စားရင်ပဲဖြစ်ဖြစ် ကိုယ့်ဆီမှာပိုင်ဆိုင်ပြီးထားသား အဝတ်အစားတွေနဲ့ ဘယ်လို styling လုပ်ရမယ်ဆိုတာ အိုင်ဒီယာမရှိတဲ့သူတွေပဲဖြစ်ဖြစ် ဒီ outfit combo လေးတွေကနေ အိုင်ဒီယာရမှာမို့ ပုံလေးတွေအောက်က စာလေးတွေကို အဆုံးထိကြည့်ပေးပါဦးနော်။


ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန်အတွဲအစပ်လေးအတွက် ခုခေတ်စားနေတဲ့ ရေစိုအဆင်တီရှပ်လေးနဲ့ ဘောင်းဘီတိုလေးတွဲပေးထားပါတယ်။ ဖိနပ်ကိုလည်း Boat ရှုးဖိနပ်လေးရွေးပေးထားမို့ သူ့ကို ထသွားထလာအတွက်တင်မဟုတ်ပဲ ရှော့ပင်ထွက်တဲ့အခါပဲဝတ်ဝတ် ကော်ဖီဒိတ်အတွက်ပဲရွေးရွေး အားလုံးအိုခေပါတယ်။


ရာသီဥတုအေးအေးလေးမို့ ဆွယ်တာဖက်ရှင် စိတ်ဝင်စားသူတွေအတွက် ဘယ်တော့မှမရိုးတဲ့ အဆင်ဒီဇိုင်း အစင်းဆွယ်တာလေးကို ကာဂိုဘာင်းဘီနဲ့တွဲပေးထားပါတယ်။ ဒါကိုမှ sneakerဖိနပ်နဲ့တွဲလိုက်ရင် ဒီအတွဲအစပ်လေးက ပြည့်စုံသွားပါပြီ။


ပေါ့ပေါ့ပါးပါး ထသွားထလာစတိုင်ကနေ ချစ်သူနဲ့ဒိတ်လုပ်တဲ့အချိန်အတွက်ပါ ရွေးချယ်နိုင်မယ့် အတွဲအစပ်လေးအတွက်တော့ အပွင့်အခက်အဆင်ဘလောက်စ်အကျီလေးနဲ့ စကိတ်တာစကတ်အကားလေးကို တွဲပေးထားပါတယ်။ ဖိနပ်ကိုတော့ ရှုးဖိနပ်လေး ရွေးချယ်လိုက်ရင် အိုခေပြီနော်။



ကြည့်လိုက်တာနဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်မယ့် နောက်ထပ်အတွဲအစပ်လေးကတော့ အနီရောင်တီရှပ်နဲ့ စကတ်အတွဲအစပ်လေးပါ။ စတစ်ကာပါတဲ့ တီရှပ်လေးကို ထူးခြားသွားအောက် စကတ်အကွက်လေးနဲ့ တွဲပေးထားပါတယ်။ ဒီအစုံအတွက် ဖိနပ်ကိုတော့ ကြိုးသိုင်းဖိနပ်အပါးလေးသာ ရွေးလိုက်ပါနော်။


ခရီးသွားတဲ့အခါ မဖြစ်မနေထည့်သွားတတ်ကြသလို၊ ညဘက်အပြင်ထွက်ဖြစ်တဲ့ ကောက်စွပ်သွားတတ်တဲ့ ခေါင်းစွပ်အနွေးထည်တွေက ရာသီတိုင်းအတွက် တစ်ထည်လောက် ရှိထားသင့်ပါတယ်။ ဒီအတွဲအစပ်မှာတော့ ဘာင်းဘီရှည်၊ sneaker ဖိနပ်နဲ့တွဲပေးထားပါတယ်။


သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြတဲ့အခါပဲဖြစ်ဖြစ် ရုံးဝတ်စုံအဖြစ် ရွေးချင်တဲ့သူပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် ဘလောက်စ်အကျီလေးနဲ့ tube စကတ်ပုံစံလေးကို ရွေးပေးထားတယ်နော်။ ဖိနပ်ကိုတော့ ဒီမှာရွေးပေးထားသလိုပဲ တပြေးတည်းဒေါက်အမြင့်လေးနဲ့စီးလိုက်ပါ။


ခါးနေရာ သိပ်မရှည် အရမ်းလည်းမတိုတဲ့အကျီလေးတွေဟာ အမျိုးသမီးတွေအတွက် တစ်ထည်လောက်ရှိထားသင့်တဲ့ အမျိုးအစားပါ။ သူ့ကိုအောက်က ဂျင်းစကတ်လေးနဲ့ အရောင်တူတွဲပေးထားတာမို့ ရိုးရိုးလေးနဲ့ထူးခြားနေပါလိမ့်မယ်။ ဖိနပ်အတွက်ကြိုးသိုင်းဖိနပ်အပါးလေးရွေးပေးထားတာမို့ ထသွားထလာအတွက်သာမက ဒိတ်အတွက်ရော၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့ဆိုရင်တောင် ရွေးချယ်ဖို့အဆင်ပြေတဲ့ အတွဲအစပ်လေးပါ။


နောက်တစ်စုံကိုတော့ ရုံးတက်အလုပ်တက်ရတဲ့ပျိုမေတွေ အဆင်ပြေအောင် တက်တင်းအကျီလက်ရှည်လေးနဲ့ စတိုင်ဘောင်းဘီလေး ရွေးတွဲပေးထားပါတယ်။ တက်တင်းအကျီတွေက ဒီရာသီနဲ့လည်းလိုက်ဖက်တာမို့ ထူးထူးခြားခြားကာလာစပ်အရောင်လေးကိုမှ စတိုင်ဘောင်းဘီအဖြူလေးရယ်၊ Mule Sandals ဖိနပ်အမြင့်လေးတွေနဲ့တွဲလိုက်တဲ့အခါ လုံးဝပြီးပြည့်စုံသွားပြီပေါ့နော်။




Comentários


Follow us 

  • Ocean Supercenter TikTok
  • Ocean Supercenter Telegram
  • Ocean Supercenter Facebook
  • Ocean Supercenter Instagram
bottom of page