top of page

Budget Hot Pot & BBQ under 35,000 MMK

အစားကောင်းလေးစားရရင် ကိုယ်ချစ်ရတဲ့သူတွေကို အရင်ဆုံးသတိရတတ်ကြတယ်ဆိုတဲ့အတိုင်း၊ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ တွေ့ဆုံကြတဲ့အခါမှာလည်း အိမ်မှာဖြစ်စေ၊ ဆိုင်မှာဖြစ်စေ အတူတူဝိုင်းဖွဲ့စားသောက်ခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုကို ပြသလေ့ရှိကြပါတယ်။ အဲ့ဒါကြောင့် လူတွေအများကြီးနဲ့ တစ်ခါတည်းဝိုင်းဖွဲ့စားသောက်လို့ရတဲ့အပြင် အခုလိုမျိုး အေးချမ်းတဲ့ရာသီဥတုမျိုးနဲ့လဲ လိုက်ဖက်တဲ့ hotpot နဲ့ bbq ကို ပိုက်ဆံအများကြီးသုံးစရာမလိုနဲ့ အရသာကောင်းကောင်း စားသုံးလို့ရနိုင်တဲ့ budget hotpot and bbq လေးကို လုပ်ပြပေးပါမယ်။

မြန်မာကျပ်ငွေ ၃၅၀၀၀အောက်နဲ့ အရသာရှိပြီး လူအများစားလောက်အောင် ချက်ပြပေးမှာြဖစ်ပါတယ်။ ဟော့ပေါ့နဲ့ အကင်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကို တစ်နေရာထဲမှာ ပစ္စည်းအစုံအလင်ရရှိနိုင်တဲ့ Ocean Supercenter မှ ဝယ်ယူထားတာြဖစ်ပါတယ်။ Ocean Supercenter မှာ hotpot နဲ့ bbq အတွက် လိုအပ်တဲ့ အသား၊ ငါး၊ ရယ်ဒီမိတ်အသားလုံး အသားချောင်းများအပြင် အကင်ကင်ဖို့အတွက် အသင့်နယ်နှပ်ပေးထားတဲ့ အသား၊ငါးများကိုလည်း အမျိုးအစားစုံလင်စွာဖြင့် ဇန်နဝါရီလ၁ရက်နေ့အထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။


အခု ဟော့ပေါ့နဲ့အကင်ပြုလုပ်ဖို့အတွက် မြန်မာကျပ်ငွေ ၃၅၀၀၀အောက် ပမာဏကို သုံးထားပါတယ်။

အသင့်သုံး တုံရမ်းဟော့ပေါ့ တစ်ထုတ် - ၄၄၀၀ကျပ်

BBQ TILIPIA - ၄၉၀၀ကျပ်

BBQ PORK IN MUSHROON ROLL STICK - ၆၀၀ ကျပ်တန် ၂ ခု

KOREA BBQ PORK LOIN STICK - ၂၉၅၀ကျပ်

THAI BBQ PORK BELLY CUBE STICK- ၆၀၀ ကျပ်တန် ၂ ခု

MARLAR BBQ CHICKEN WING STICK - ၈၅၀ ကျပ်တန် ၂ ခု

ကြက်အူချောင်း ၁၀၀ဂရမ် - ၉၀၀ ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ကြက်ကြောလုံး ၁၀၀ဂရမ် - ၉၀၀ ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ဝက်သားလွှာ - ၃၅၀၀ ကျပ်တန်

ကျောက်ပွင့် ၃၅ဂရမ် - ၁၄၀၀ ကျပ်

Enoki မှို (အပ်မှို) ၂၀၀ဂရမ် - ၉၀၀ ကျပ်တန် တစ်ထုပ်

ပြောင်းဖူးနှစ်ဖူးပါတစ်တွဲ - ၈၀၀ ကျပ်

မုန်ညှင်းထုပ် ၃၉၀ဂရမ် တစ်ထုပ် - ၆၀၀ ကျပ်

အသင့်ထုတ်ပိုးထားတဲ့ ထိုင်ဝမ်မုန်ညင်း - ၅၀၀ ကျပ်တန်

ရုံးပတီသီး ၁စည်း - ၃၀၀ကျပ်တန်

ဆလတ်ရွက်တစ်စည်း ၂၀၀ဂရမ် - ၇၅၀တန်

ကြာစွယ် ၅၀ဂရမ် - ၂၉၀ကျပ်

ကင်မ်ချီ ၁၀၀ဂရမ် - ၈၀၀ကျပ်

Korea spicy cocktail sauce - ၂၇၀၀ ကျပ်တန်

ကြက်ဥ ၂လုံး - ၁၅၀ ကျပ်တန်


အသင့်သုံး တုံရမ်းဟော့ပေါ့အထုတ်ထဲမှာ ဟော့ပေါ့ဟင်းရည်ပြုလုပ်ဖို့အတွက် တုံရမ်းအနှစ်ထုတ်အပြင် အဆိမ့်အရသာအတွက် အုန်းနို့အစား နို့မှုန့်ထုတ်လေးပါ တစ်ခါတည်း ထည့်ထားပေးတဲ့အတွက် ချက်ရတာအဆင်ပြေလွယ်ကူစေပါတယ်။ ဒါ့အပြင် အသီးအရွက်တွေလည်း စုံစုံလင်လင်ပါဝင်တဲ့အတွက် ဟော့ပေါ့ပြုလုပ်တဲ့အခါမှာ ပိုပြီးအဆင်ပြေစေပါတယ်။


အကင်အတွက်ကိုတော့ အသားတွေကိုအရသာနယ်နှပ်ကာ တုတ်ထိုးထားပြီး အဆင်သင့်ကင်လို့ရတဲ့ အသားကင်ချောင်းတွေနဲ့ ငါးတစ်ကောင်လုံးကို မညှီအောင် သေသေချာချာလေးကို နယ်နှပ်ထားပြီး အသင့်ကင်လို့ရတဲ့ ငါးကင်ကို အသုံးပြုထားပါတယ်။

အခုဆိုရင်တော့ ဟော့ပေါ့နဲ့အကင်ပြုလုပ်ဖို့အတွက် သုံးထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေကို ပြောပြပြီးပြီဆိုတော့ ဟော့ပေါ့အရည်စချက်ဖို့ကို ပြင်လိုက်ကြရအောင်။ ဟင်းရည်ချက်ဖို့အတွက် ဟော့ပေါ့အထုတ်ထဲမှာပါတဲ့ တုံရမ်းအရသာအနှစ်ထုတ်ကို အိုးထဲဖောက်ထည့်၊ ပြီးရင်တော့ ရေကိုသင့်တင့်တဲ့ အချိုးအစားပမာဏကိုထည့်ပါမယ်။ အရသာအတွက် အသားမှုန့်ကိုတော့ မိမိလိုသလောက်ချိန်ဆထည့်ပြီး အဆိမ့်အရသာလေးပါရအောင် ဟော့ပေါ့ထုတ်ထဲမှာပါတဲ့ နို့မှုန်ထုတ်လေးပါ ဖောက်ထည့်ပါမယ်။


ဟင်းရည်အနည်းငယ်ဆူစပြုပြီဆိုရင် ဟင်းရည်ရဲ့ချိုတဲ့အရသာကိုပိုလေးသွားအောင် လှီးထားတဲ့ပြောင်းဖူးတွေရယ်၊ အသားနဲ့ ရယ်ဒီမိတ်အသားလုံး၊ အသားချောင်းတွေကို အရင်ဆုံးကျက်အောင် ထည့်ပြုတ်ပြီးမှ ဟင်းသီးဟင်းရွက်တွေကို ထည့်ပြုတ်ပါမယ်။ အသားတွေကိုလည်း မတူးစေပဲ အကျက်ညီအောင် တစ်ဖက်စီလှည့်ပြီး ကင်ပေးရပါမယ်။ ငါးကိုလည်းသေချာလေးကျက်အောင် တစ်ဖက်စီလှည့် လှည့်ပြီး သေချာလေးကင်ပေးရပါမယ်။


ဟင်းရည်လည်းဆူပြီး ထည့်ပြုတ်ထားတဲ့အသားတွေလည်းကျက်ပြီဆိုရင်တော့ အရသာကောင်းမွန်တဲ့ တုံရမ်းဟော့ပေါ့ကို ရရှိပြီဖြစ်ပါတယ်။ ကင်ထားတဲ့ အသားကင်လေးတွေနဲ့ ငါးကင်ကလည်း အနံ့လေးမွှေးပြီးကျက်ပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီ။


တုံရမ်းဟော့ပေါရဲ့ အရသာလေးကတော့ အထူးတလည်ပြောပြနေစရာမလိုလောက်အောင်ကို ကောင်းမွန်ပါတယ်။ အရည်ထဲထည့်ပြုတ်ထားတဲ့ အသားနဲ့ အသီးအရွက်တွေကြောင့် အချိုအရသာလေးကို ခံစားရမှာဖြစ်ပြီး တုံရမ်းအနှစ်ရဲ့ အချဉ်နဲ့အစပ်အရသာလေးကိုမှ နို့မှုန့်ထည့်သုံးထားတဲ့အတွက် အချဉ်ရောအစပ်ရောမစူးသွားဘဲ အနည်းငယ်ဆိမ့်တဲ့အရသာလေးကိုပါ ခံစားရမှာဖြစ်ပါတယ်။ အသားကင်တွေရဲ့ အရသာကလည်း သေချာနယ်နှပ်ထားတဲ့အတွက် အသားထဲအထိ အရသာစိမ့်ဝင်ပြီး အရသာကောင်းလွန်းတဲ့အတွက် အကြိုက်တွေ့စေပါတယ်။ ဒါ့အပြင် ငါးကင်ကိုလဲ အရသာစိမ့်ဝင်အောင် နှပ်ထားတာဖြစ်လို့ လုံးဝမညှီဘဲ စားကောင်းစေပါတယ်။

174 views0 comments

Recent Posts

See All
bottom of page