top of page

Budget Hot Pot & BBQ under 15,000 MMK

လူအများအားလုံး တစ်စုတစ်စည်းတည်း ဝိုင်းဖွဲ့စားသောက်လို့ရတဲ့ Hot Pot နဲ့ BBQ ကို ပိုက်ဆံအများကြီးသုံးစရာမလိုပဲ ငွေနည်းနည်းနဲ့ အရသာကောင်းကောင်း စားသုံးလို့ရနိုင်တဲ့အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။


ဘက်ဂျတ်ဟော့ပေ့ါနဲ့ အကင်မျိုးစုံ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို Ocean Supercenter မှ ဝယ်ယူနိုင်ပါတယ်ရှင်။ ဟော့ပေါ့အတွက် တစ်ခါချက်စာအသင့်စားအထုတ်တွေနဲ့ အသားလုံး၊ ငါးလုံး၊ ကြက်အူချောင်းတို့အပြင် အကင်ပြုလုပ်ဖို့အတွက် အသင့်နယ်နှပ်ပြီးသား အသား၊ ငါး အစရှိတာတွေကိုလည်း ခင်းကျင်းရောင်းချသွားမှာ ဖြစ်ပါတယ်။ ဟော့ပေါ့နဲ့ အကင်ပြုလုပ်ဖို့အတွက် အခုအသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးရဲ့ ကျသင့်ငွေတန်ဖိုးက မြန်မာငွေကျပ် ၁၅၀၀၀ အောက်ပဲရှိပါတယ်။

တစ်ခါချက်စာ ယိုးဒယားဟော့ပေါ့အထုတ် - ၄၂၀၀ကျပ်

ကြက်အူချောင်း ၁၀၀ဂရမ် - ၉၀၀ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ကျပ်သာ

Enoki မှို (အပ်မှို) ၂၀၀ဂရမ် - ၉၀၀ကျပ်တန် တစ်ထုပ်

ပြောင်းဖူးနှစ်ဖူးပါတစ်တွဲ - ၈၀၀ကျပ်

မုန်ညှင်းထုပ် ၃၉၀ဂရမ် တစ်ထုပ် - ၆၀၀ကျပ်

BBQ PORK IN MUSHROON ROLL STICK - ၆၀၀ကျပ်

KOREA BBQ PORK LOIN STICK - ၂၉၅၀ကျပ်

THAI BBQ PORK BELLY CUBE STICK- ၆၀၀ကျပ် နှင့်

MARLAR BBQ CHICKEN WING STICK - ၈၅၀ ကျပ်

ရုံးပတီသီး ၁စည်း - ၃၀၀ ကျပ်တန်

ဆလတ်ရွက်တစ်စည်း ၂၀၀ဂရမ် - ၇၅၀ ကျပ်တန်ကို သုံးထားပါတယ်။


စုစုပေါင်း ဘတ်ဂျက် ၁၅၀၀၀ အောက်နဲ့ မိသားစုအတွက် ဟော့ပေါ့ရော အကင်ရော နှစ်သစ်မှာ စီစဉ်ပေးနိုင်ပါတယ်ရှင်။


ဟော့ပေါ့နဲ့ အကင်အတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးကို ဇန်နာဝါရီလ ၁ ရက်နေ့အထိ အိုးရှင်းဆိုင်ခွဲတွေ အားလုံးမှာ ဝယ်ယူနိုင်ပါပြီရှင်။ လိုအပ်တဲ့ပစ္စည်းတွေကို ဇန်နာဝါရီလ ၁ ရက်နေ့အထိ Ocean Supercenter မှာ ဝယ်ယူရရှိနိုင်ပါတယ်။


ပါဝင်ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေကို ပြောပြပြီးပြီဆိုတော့ ဟော့ပေါ့အရည်စချက်ဖို့ကို ပြင်လိုက်ကြရအောင်။ အကင်နဲ့ဟော့ပေါ့ကို တစ်ခါတည်းတွဲစားမှာဖြစ်လို့ နှစ်မျိုးတစ်ခါတည်းချက်လို့ရတဲ့ အိုးကို အသုံးပြုထားပါတယ်။ ဟင်းရည်ချက်ဖို့အတွက် ဟော့ပေါ့အထုတ်ထဲမှာပါတဲ့ အနှစ်ထုတ်ကို အိုးထဲဖောက်ထည့်၊ ပြီးရင် ရေထည့်ကာ အရသာအတွက် အသားမှုန့်ကို လိုသလောက်ချိန်ဆပြီး ထည့်ရပါမယ်။


ပြောင်းဖူးတွေကို လက်နှစ်ဆစ်စာအတုံးလေးတွေလှီးပြီး ဟော့ပေါ့အရည်ထဲကို ထည့်ပြုတ်ပေးခြင်းအားဖြင့် ဟင်းရည်ရဲ့အချိုအရသာကို ပိုမိုပေါ်လွင်ပြီး ကောင်းမွန်စေပါတယ်။ အရည်အနည်းငယ်ဆူလာပြီဆိုရင်တော့ ငါးဖယ်လုံး၊ ကြက်အူချောင်း နဲ့ အသီးအရွက်တွေကို ထည့်ပြုတ်လို့ရပါပြီ။ အသားကင်တွေကိုလည်း အကျက်ညီအောင် တစ်ဖက်စီလှည့်ပြီး သေချာကင်ပေးပါမယ်။


အခုဆိုရင်တော့ မိသားစု ၃ ယောက်လောက် ဝဝလင်လင်စားလို့ရတဲ့ Budget Hotpot and BBQ လေးကို ရရှိပြီဖြစ်ပါတယ်။


အရသာအပိုင်းကို ပြောပြရမယ်ဆိုရင်တော့ ဟင်းရည်လေးကိုစသောက်လိုက်တာနဲ့ အရည်ထဲကိုထည့်ပြုတ်ထားတဲ့ ငါးဖယ်လုံးနဲ့ အသီးအရွက်တွေရဲ့ အချိုဓာတ်ကြောင့် ချိုတဲ့အရသာကို ပထမဆုံးခံစားရပြီး အစပ်အရသာကပါတယ်ဆိုရုံလေးပဲ အနည်းလောက်ပဲရရှိစေပါတယ်။ ကလေးရော လူကြီးပါ စားသုံးလို့အဆင်ပြေစေပါတယ်။ အကင်လေးတွေကလည်း အနံ့မွှေးမွှေး၊ နူးနူးညံ့ညံ့လေးဖြစ်တဲ့အပြင်ကို နယ်နှပ်ထားတဲ့အရသာတွေကလည်း ပြင်းပြင်းကြီးမဟုတ်ဘဲ အကင်ရဲ့ကောင်းမွန်တဲ့ အရသာကို လျှာပေါ်စွဲကျန်စေပါတယ်။


70 views0 comments

Recent Posts

See All
bottom of page