top of page

Budget Hot Pot & BBQ under 25,000 MMK

အခုတစ်ခေါက်မှာတော့ ဟော့ပေါ့နဲ့ အကင်ပြုလုပ်ဖို့အတွက် ပိုက်ဆံတွေအများကြီးသုံးဖို့မလိုဘဲနဲ့ အရသာရှိရှိနဲ့ လွယ်လွယ်ကူကူ မိသားစုတွေ စားလို့ရမယ့် ၂သောင်းခွဲအောက် HOT POT and BBQပြုလုပ်နည်းလေးကို ပြောပြပါမယ်နော်။


Hot Pot and BBQ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကို Ocean Supercenter မှာ ဇန်နဝါရီ၁ရက်နေ့အထိ အမျိုးအစားစုံလင်စွာရောင်းချပေးမှာမို့ တစ်နေရာထဲမှာ ဝယ်ယူနိုင်ပါပြီရှင်။



ပါဝင်ပစ္စည်းတွေကတော့




အသင့်စား မာလာဟော့ပေါ့တစ်ထုတ် - ၄၄၀၀ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ကြက်ကြောလုံး ၁၀၀ဂရမ် - ၉၀၀ ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ဝက်သားလွှာ - ၃၅၀၀ ကျပ်တန်

Enoki မှို (အပ်မှို) ၂၀၀ဂရမ် - ၉၀၀ကျပ်တန် တစ်ထုပ်

ပြောင်းဖူးနှစ်ဖူးပါတစ်တွဲ - ၈၀၀ကျပ်

မုန်ညှင်းထုပ် ၃၉၀ဂရမ် တစ်ထုပ် - ၆၀၀ ကျပ်

အသင့်ထုတ်ပိုးထားတဲ့ ထိုင်ဝမ်မုန်ညင်း - ၅၀၀ ကျပ်တန်

ရုံးပတီသီး ၁စည်း - ၃၀၀ကျပ်တန်

ဆလတ်ရွက်တစ်စည်း ၂၀၀ဂရမ် - ၇၅၀တန်

BBQ PORK IN MUSHROON ROLL STICK - ၆၀၀ကျပ်

KOREA BBQ PORK LOIN STICK - ၂၉၅၀ကျပ်

THAI BBQ PORK BELLY CUBE STICK- ၆၀၀ကျပ်

MARLAR BBQ CHICKEN WING STICK - ၈၅၀ ကျပ်


အသင့်စား မာလာဟော့ပေါ့အထ တစ်ထုတ် - ၄၄၀၀ကျပ်

ကြက်အူချောင်း ၁၀၀ဂရမ် - ၉၀၀ ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ကြက်ကြောလုံး ၁၀၀ဂရမ် - ၉၀၀ ကျပ်

ငါးဖယ်လုံး ၁၀၀ဂရမ် - ၇၂၀ ကျပ်

ဝက်သားလွှာ - ၃၅၀၀ ကျပ်တန်

Enoki မှို (အပ်မှို) ၂၀၀ဂရမ် - ၉၀၀ကျပ်တန် တစ်ထုပ်

ပြောင်းဖူးနှစ်ဖူးပါတစ်တွဲ - ၈၀၀ကျပ်

မုန်ညှင်းထုပ် ၃၉၀ဂရမ် တစ်ထုပ် - ၆၀၀ ကျပ်

အသင့်ထုတ်ပိုးထားတဲ့ ထိုင်ဝမ်မုန်ညင်း - ၅၀၀ ကျပ်တန်

ရုံးပတီသီး ၁စည်း - ၃၀၀ကျပ်တန်

ဆလတ်ရွက်တစ်စည်း ၂၀၀ဂရမ် - ၇၅၀တန်

BBQ PORK IN MUSHROON ROLL STICK - ၆၀၀ကျပ်

KOREA BBQ PORK LOIN STICK - ၂၉၅၀ကျပ်

THAI BBQ PORK BELLY CUBE STICK- ၆၀၀ကျပ်

MARLAR BBQ CHICKEN WING STICK - ၈၅၀ ကျပ်


အသင့်စားမာလာဟော့ပေါ့အထုပ်ထဲမှာ ဟော့ပေါ့ပြုလုပ်ဖို့အတွက် လိုအပ်တဲ့အသီးအရွက်တွေအပြင် ငါးဖယ်လုံးနဲ့ မာလာအနှစ်ထုတ်ပါ တစ်ခါတည်းပါဝင်တဲ့အတွက် ချက်ရတာအဆင်ပြေလွယ်ကူစေပါတယ်။ အကင်အတွက် အသားတွေကိုအရသာနယ်နှပ်ကာ တုတ်ထိုးထားပြီး အဆင်သင့်ကင်လို့ရတဲ့ အသားကင်ချောင်းတွေကို အသုံးပြုထားပါတယ်။


ဒါ့အပြင်ကိုမှ မိမိကြိုက်နှစ်သက်တဲ့ အသား၊ အသားလုံး၊ ငါးလုံးများကိုလဲ မိမိစိတ်ကြိုက် ထပ်ပေါင်းထည့်ပြီးစားသုံးနိုင်ပါတယ်။


ပါဝင်ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေကို ပြောပြပြီးပြီဆိုတော့ ဟော့ပေါ့အရည်စချက်ဖို့ကို ပြင်လိုက်ကြရအောင်။ ဟင်းရည်ချက်ဖို့အတွက် ဟော့ပေါ့အထုတ်ထဲမှာပါတဲ့ မာလာအရသာအနှစ်ထုတ်ကို အိုးထဲဖောက်ထည့်၊ ပြီးရင်တော့ ရေကိုသင့်တင့်သလောက် ပမာဏကိုထည့်ပြီး အရသာအတွက် အသားမှုန့်ကိုတော့ မိမိလိုသလောက်ချိန်ဆပြီး ထည့်ရပါမယ်။


ဟင်းရည်အနည်းငယ်ဆူလာပြီဆိုရင်တော့ ဝက်သားလွှာ၊ ငါးဖယ်လုံး၊ ကြက်ကြောလုံး၊ ကြက်အူချောင်း၊ တို့ကိုအရင်ထည့်ကာ ပြုတ်ပါမယ်။ အသားနှင့် ငါးလုံးတွေကျက်စပြုလာပြီဆိုရင်တော့ အသီးအရွက်တွေကို ထည့်ပြုတ်လို့ရပါပြီ။ အသားကင်တွေကိုလည်း အကျက်ညီအောင် တစ်ဖက်စီလှည့်ပြီး သေချာကင်ပေးပါမယ်။ ဆီလေးအနည်းငယ်သုတ်ပြီး ကင်မယ်ဆိုရင်တော့ အသားကင်အနံ့ကိုပိုမွှေးစေပြီး အရောင်လဲပိုလှစေပါတယ်။


အခုဆိုရင်တော့ အရသာရှိတဲ့ မာလာဟော့ပေါ့နဲ့ အကင်မျိုးစုံတို့ကို ရရှိပြီဖြစ်ပါတယ်။ လူ ၅ယောက် (သို့) ၆ယောက်လောက်ရှိတဲ့ မိသားစုတစ်စုစာ အဆင်ပြေပြေစားသုံးလို့ရနိုင်တဲ့ Budget Hot Pot and BBQ ပဲ ဖြစ်ပါတယ်။

Recent Posts

See All
bottom of page